Saturday, May 31, 2008

ဘ၀ မှာ ဘာအရေးကြီးဆုံးလဲ

ကျွန်မဖတ်ဖို့ (၅)
၁) တစ်ပါးသူဟာ ဘယ်လောက်ပဲဆိုးနေပါစေ၊ ကိုယ့်ကိုယ် နာကျင်အောင်လုပ်ခဲ့ပါစေ သူ့ကို ခွင့်လွတ်တတ်ရမယ်။
လက်လွတ်တတ်ရမယ်။ ဒါမှ တကယ့်ပျော်ရွှင်မှုကို ကိုယ်ကရနိုင်မှာဖြစ်တယ်။
၂) ပျော်ရွှင်ချိန်မှာ ဒီပျော်ရွှင်မှုဟာ ထာဝရမဟုတ်ဘူးဆိုတာ နားလည်ထားရသလို စိတ်ပျက် အားငယ်ချိန်မှာလည်း
ဒီအားငယ်မှုတွေဟာ အမြဲတမ်းမဟုတ်ဘူးလို့ နားလည်ရမယ်။
၃) ဒီနေ့ရဲ့ တစ်ဇွတ်ထိုးက မနက်ဖြန်အတွက် နောင်တကို ဖြစ်စေတယ်။
၎) စကားတစ်ခွန်းတည်းနဲ့ လူတစ်ယောက်ရဲ့ဘဝကိုပျက်စီးစေနိုင်တယ်။ စကားအခွန်းတစ်ထောင်သုံးမှ
လူတစ်ယောက်ကို ပြုစုပျိုးထောင်နိုင်တယ်။ ဒါကြောင့် သင့်ပါးစပ်ဖျားမှာ ကိုယ်ချင်းစာတရားကို ချိတ်ဆွဲထားပါ။
၅) ကိုယ့်ရဲ့ အသိဥာဏ်ပညာကြားမှာ စိတ်ကြီးဝင်တဲ့ ပေါင်းမြက်တွေ စိုက်ပျိုးမထားပါနဲ့။ ကိုယ့်ရဲ့
မဝင့်ဝါတဲ့စိတ်ကြောင့် အသိဥာဏ်တွေ မယုတ်လျော့သွားစေနဲ့။
၆) သူ့ကို မနာလိုဖြစ်တိုင်း ကိုယ့်အတွက် ဘာကောင်းကျိုးမှ မဖြစ်စေဘူး။ သူ့ကို မနာလိုဖြစ်တိုင်း
သူ့အောင်မြင်မှုတွေ လျှော့သွားမှာ မဟုတ်ဘူး။
၇) အခွင့်အရေးကို ဖန်တီးသူဟာ ထက်မြက်သူ အခွင့်အရေးကို စောင့်မျှော်သူဟာ တုံးအသူ
၈) သူတစ်ပါးရဲ့ အထင်အမြင်ကို အရင်နားထောင်ပါ။ ကိုယ့်အယူအဆကို ထုတ်ပြောဖို့ မလောပါနဲ့။
၉) ပုလင်းချင်းအတူတူ ဘာကြောင့် ကိုယ့်ပုလင်းထဲ အဆိပ်တွေထည့်ရမှာလဲ? ခံစားတတ်တဲ့ စိတ်ချင်းအတူတူ
ဘာကြောင့် ကိုယ့်စိတ်ထဲ မပျော်ရွှင်တာတွေ ထည့်ရမှာလဲ?
၁ဝ) ကိုယ့်ကိုယ်ကို ရိုးသားမှုရှိလာတဲ့အခါ လောကမှာ ဘယ်သူ့မှ ကိုယ့်ကိုလိမ်ညာလို့ မရနိုင်တော့ဘူး။
၁၁) သူတစ်ပါးကို ထိခိုက်နာကျင်မှုမျိုးနဲ့ ကိုယ့်အပြစ်၊ ကိုယ့်ဆိုးကျိုးကို ဖုံးကွယ်တတ်တဲ့လူလောက် ရှက်ဖို့
ကောင်းတာ မရှိဘူး။
၁၂) လောကမှာ ဘယ်တော့မှ သွားပုပ်လေလွှင့် အပြောမခံရတဲ့လူ မရှိသလို အမြဲတမ်း အချီးကျူးခံနေရသူလည်း
မရှိဘူး။ ကိုယ်စကားများရင် အပြစ်ပြောမယ်၊ ကိုယ်စကားနည်းရင်လည်း အပြစ်ပြောမယ်၊ ကိုယ်စကားလုံးဝ
မပြောဘဲ ဆိတ်ဆိတ်နေရင်လည်း အပြစ်ပြောမယ်။ ဒါကြောင့် ဒီလောကမှာ မပြောမခံရတဲ့လူဆိုတာ မရှိဘူး။
၁၃) ဆိတ်ဆိတ်နေခြင်းဟာ မဟုတ်မမှန် သွားပုပ်လေလွှင့် သတင်းတွေအတွက် အကောင်းဆုံး အဖြေဖြစ်တယ်။
၁၄) လူတွေက ကိုယ့်ကိုကြောက်တယ် ဒါ ဂုဏ်ယူစရာမဟုတ်ဘူး။ လူတွေက ကိုယ့်ကိုနှိမ်တယ် ဒါ
ရှက်စရာမဟုတ်ဘူး။
၁၅) တစ်ခြားသူက ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတာ မဟုတ်ဘူး။ ကိုယ့်က တစ်ခြားသူရဲ့ စကားကိုယူပြီး
ကိုယ့်ကိုယ်ကို စိတ်အနှောင့်အယှက်ပေးနေတာ။
ရေးသားသူ....... နိုင်းနိုင်းစနေ
ကျွန်မဖတ်ဖို့ (၄)
ဖြစ်ချင်တာတွေ ဖြစ်မလာတဲ့အခါ၊ လုပ်ချင်တာတွေ လုပ်ခွင့်မရတဲ့အခါ၊ လုပ်နေသမျှ အရာမရောက်တဲ့အခါ စိတ်ပန်း
လူပန်းဖြစ်ပြီး စိတ်ဓာတ်တွေကျလာရင် ဒီလိုဟာမျိုးလေးတွေကို ကျွန်မ ဖတ်ပြီး စိတ်ဓာတ်စစ်ဆင်ရေး
လုပ်ဖြစ်တယ်။ ကျွန်မလို တစ်ခုခု ခံစားနေရသူများအတွက် မျှဝေလိုက်ပါတယ်။
(၁) လူအများက လောကကြီးကို ပြောင်းလဲချင်ကြတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ပြောင်းလဲဖို့တော့
မေ့နေကြတယ်။
(၂) ပျော်ပျော်နေတတ်သူက ကျဆုံးခြင်းမှာ အခွင့်အရေးကို မြင်တယ်။ ပျော်ပျော်မနေတတ်သူက
အခွင့်အရေးတိုင်းကို ကျဆုံးခြင်းလို့ မြင်တယ်။
(၃) ကျရှုံးမှုအတွက် ဆင်ခြင်မရှာလေနဲ့။ အောင်မြင်မှုအတွက် ကျိုးသင့် ကြောင်းသင့်ကိုရှာပါ။
(၄) အောင်မြင်သူတွေ အောင်မြင်ရခြင်းက ယုံကြည်မှုကို လက်ကိုင်ထားလို့ပဲ။
(၅) မျှော်လင့်ချက်မဲ့တဲ့ လောကဆိုတာ မရှိဘူး။ မျှော်လင့်ချက်မဲ့နေတဲ့ လူပဲရှိတယ်။
(၆) အကန့်အသတ် (လစ်မစ်) ဆိုတာ ကိုယ့်စိတ်ထဲက စတင်တာပဲဖြစ်တယ်။
(၇) အခွင့်အရေးကို မစောင့်နဲ့။ အခွင့်အရေးကို တည်ဆောက်ပါ။
(၈) မှန်တဲ့အလုပ်ကို လုပ်တာဟာ အလုပ်ကို အမှန်လုပ်တာထက် အရေးကြီးတယ်။
(၉) လှုပ်ရှားခြင်းက ကြောက်ရွံ့ခြင်းအတွက် ဆေးတဲ့။ တွေဝေခြင်းနဲ့ အချိန်ဆွဲခြင်းက ကြောက်ရွံ့ခြင်းကို
အားကြီးစေတယ်။
(၁၀) မရွေးခြယ်သင့်တဲ့လမ်း တစ်လမ်းပဲရှိတယ်.... လက်လွတ်အရှုံးပေးတဲ့လမ်း မငြင်းပယ်သင့်တဲ့လမ်း
တစ်လမ်းပဲရှိတယ်.... ကြီးထွားရှင်သန်တဲ့လမ်း။
(၁၁) ယုံကြည်မှုဆိုတာ မွေးရာပါမဟုတ်ဘူး။ မပြတ် ပြုစုပျိုးထောင်ခြင်းရဲ့ ရလဒ်ဖြစ်တယ်။
(၁၂) ယုံကြည်မှုကို ပျိုးထောင်ပြီး ကြောက်ရွံ့မှုကို တွန်းလှန်တဲ့နည်းက ကိုယ်မလုပ်ရဲ၊ မလုပ်နိုင်ဘူးလို့ ထင်တဲ့
အလုပ်ကို အောင်မြင်တဲ့ အတွေ့အကြုံရလာတဲ့အထိ လုပ်ပေးဖို့ပဲ။
(၁၃) ရှုံးနိမ့်ခြင်းဆိုတာ ဘာလဲ?
အောင်မြင်မှုဆီကို ချည်းကပ်လာတဲ့ ခြေတစ်လှမ်းသာဖြစ်တယ်။
အောင်မြင်ခြင်းဆိုတာ ဘာလဲ?
ရှုံးနိမ့်တဲ့ လမ်းတွေကို ဖြတ်လျှောက်ခဲ့တဲ့ ခြေလှမ်းတွေသာဖြစ်တယ်။
(၁၄) ဘယ်လောက်ဝေးတဲ့ ခရီးဖြစ်ဖြစ် တစ်လှမ်းခြင်း လှမ်းရင်တောင် ပန်းတိုင်ရောက်နိုင်တယ်။ (တစ်နေ့တစ်လံ
ပုံဂံဘယ်ရွေ့မလဲ) ဘယ်လောက်နီးတဲ့ ခရီးဖြစ်ဖြစ် ခြေစမလှမ်းခဲ့ရင် ပန်းတိုင်ဆိုတာ အဝေးကြီး။
(၁၅) အောင်မြင်မှုဆိုတာ နောင်တစ်ချိန်မှ ဖြစ်လာတာ မဟုတ်ဘူး။ လုပ်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တဲ့
အချိန်ကစပြီး တဖြေးဖြေး တိုးပွားလာတာဖြစ်တယ်။
ရေးသားသူ....... နိုင်းနိုင်းစနေ
ကျွန်မ ဖတ်ဖို့ (၃)
.
(၁) အကြမ်းစာ များများစားပါ။
(၂) သူတစ်ပါး မျှော်လင့်တာထက် ပိုပေးလိုက်ပါ။ စေတနာရှိရှိ ပေးပါ။
(၃) ကြိုက်နှစ်သက်တဲ့ ကဗျာ၊ သီချင်းတွေကို မှတ်ပါ။
(၄) ကြားသမျှ မယုံနဲ့၊ ရှိသမျှ မဖြုန်းနဲ့၊ အိပ်ချင်သလောက် မအိပ်နဲ့။
(၅) မြင်မြင်ချင်း အချစ်ကို ယုံပါ။
(၆) “ချစ်တယ်” လို့ ဘယ်အချိန်မှာပဲပြောပြော စိတ်ပါ လက်ပါပြောပါ။
(၇) “တောင်းပန်ပါတယ်” လို့ ဘယ်အချိန်မှာပဲပြောပြော တစ်ဖက်လူရဲ့ မျက်လုံးကို ကြည့်ပြီးမှ ပြောပါ။
(၈) ဘယ်အချိန်မှာပဲဖြစ်ဖြစ် ဖုန်းဆက်ရင် ဖုန်းပြောတဲ့အခါ ပြုံးရီပါ။ တစ်ဖက်လူ ခံစားမိနိုင် ပါတယ်။
(၉) ဘယ်အချိန်မှာပဲဖြစ်ဖြစ် ကိုယ့်အမှားကို သတိထားမိတဲ့အခါ ချက်ချင်းပြင်ပါ။ မြန်မြန် ဆန်ဆန် ပြုလုပ်ပါ။
(၁၀) စိတ်ရော ကိုယ်ပါနစ်ပြီး ချစ်ပါ။ နာကျင်တာကို ခံရင် ခံရလိုက်မယ်။ ဒါပေမယ့် ဒီအချစ်ဟာ ဘ၀ကို
ပြည့်စုံစေတဲ့ နည်းတစ်ခုပဲ။
(၁၁) တစ်ခြားလူရဲ့ စိတ်ကူးအိပ်မက်ကို အထင်သေး လျစ်လျူမရှူနဲ့။
(၁၂) အပြင်ပန်းကြည့်ပြီး လူတစ်ယောက်ရဲ့အတွင်းစိတ်ကို မခန့်မှန်းနဲ့။
(၁၃) စကားကို ဖြည်းဖြည်းပြောပါ။ ဒါပေမယ့် မြန်မြန်တွေးပါ။
(၁၄) တကယ်လို့ ကျရှုံးသွားပြီဆိုရင် အမှားထဲကနေ သင်္ခန်းစာယူဖို့ ဘယ်တော့မှ မမေ့ပါနဲ့။
(၁၅) သေးငယ်နဲ့ ပြဿနာတစ်ခုနဲ့ ကြီးမားတဲ့ ခင်မင်မှုကို မဖျက်ဆီးလိုက်လေနဲ့။
(၁၆) ကိုယ့်ကိုကိုယ် လေးစားပါ၊ သူတစ်ပါးကို လေးစားပါ၊ လေးစားမှုကို ထိန်းပါ။
အဲဒီ “လေးစားမှု” သုံးခုကို မှတ်ထားပါ။
(၁၇) ပြုပြင်ပြောင်းလဲတာကို လက်ခံပါ။ ဒါပေမယ့် ကိုယ့်ယုံကြည်ချက်ကို လက်ကိုင်ထားပါ။
(၁၈) ကိုယ့်ကိုကိုယ့် ယုံပါ။ တစ်ခြားလူရဲ့ စကားနဲ့ ကိုယ့်ကိုယ် အလဲမထိုးမိစေနဲ့။
ရေးသားသူ....... နိုင်းနိုင်းစနေ
ကျွန်မဖတ်ဖို့ (၂)
(၁) လမ်းစကိုတွေ့ပြီဆိုရင် ဘယ်လောက်ဝေးတဲ့ ခရီးပဲဖြစ်ဖြစ် လျှောက်ရမှာ မကြောက်တော့ ဘူး။
(၂) သစ်ပင်၏ ဦးတည်ရာကို လေက အဆုံးအဖြတ်ပေး၏။ လူ၏ ဦးတည်ရာကို ကိုယ့်ကိုယ်တိုင်က
အဆုံးအဖြတ်ပေး၏။
(၃) ၀င်လေထွက်လေ ရှိနေသမျှ မျှော်လင့်ချက် ရှိနေဦးမည်။
(၄) အောင်မြင်ဖို့ရာ မလွယ်ကူပါ။ ထိုအောင်မြင်မှုကို ထိန်းသိမ်းရာ ပိုမလွယ်ကူပါ။
(၅) အသီးအပွင့်များဖြင့် ဝေဆာနေသော သစ်ပင်ကို လူတွေက ခဲနှင့်ပစ်ချချင်ကြသည်။
(၆) ဘ၀မြင့်ခြင်း၏ နောက်တွင် ကျဆုံးခြင်းရှိသည်။ စိတ်ကူးယဉ်သက်သက်၏ နောက်တွင် ဆုတ်ယုတ်ခြင်း
ရှိသည်။ ခေါင်းငုံ့တတ်မှသာ ခေါင်းကို မတိုက်မိနိုင်။
(၇) ကိုယ့်ကိုဝေဖန်ခြင်းဖြင့် အခြားလူ၏ ယုံကြည်မှုကို ရရှိနိုင်သည်။ ကိုယ့်ဂုဏ်ကိုယ် ဖော်ခြင်းက မရနိုင်။
(၈) ကိုယ့်ကို မချစ်မနှစ်သက်တဲ့ လူကို လေးစားပါ။
(၉) သူ့နောက်ကွယ်မှာ သူ့ကောင်းကြောင်းကိုပဲ ပြောပါ။ အဲဒီစကား သူ့ နားဆီ မရောက်ဘူး ဆိုတာ လုံးဝ စိတ်ချပါ။
(၁၀) တစ်စုံတစ်ယောက်က ကိုယ့်ကို တစ်ခြားလူ မကောင်းကြောင်း လာပြောတဲ့အခါ ပြုံးပဲနေပါ။
(၁၁) တကယ်လို့ ရုပ်ဆိုးနေတယ်ဆိုရင် ကိုယ့်ကိုတော်အောင် လုပ်ပါ။ မတော်ခဲ့ဘူးဆိုရင် အမြဲပြုံးနေပါ။ ရုပ်ကြောင့်
လူကို မမုန်းနိုင်ပါဘူး။
(၁၂) စင်ပေါ်တက် သီချင်းဆိုသူတိုင်းကို လက်ခုပ်တီးပေးပါ။
(၁၃) အချို့ကိစ္စမှာ သိရက်နှင့် မေးသင့်သည်။ ဥပမာ.... လက်စွပ်လေးက သိပ်တန်ဖိုးရှိမှာပဲနော်။ အချို့ကိစ္စမှာ
မေးချင်သော်လည်း မမေးသင့်ပေ။ ဥပမာ.. အသက်ဘယ်လောက်ရှိပြီလဲ။
(၁၄) စကားများတော့ အမှားများသည်။ လူများသောနေရာတွင် စကားကို နည်းနည်းပဲ ပြောပါ။
(၁၅) “မ”သိဘူး၊ “မ”လုပ်ဘူး၊ “မ”ရဘူး၊ “မ”တတ်ဘူး ဆိုတဲ့ “မ”နေရာမှာ “ကြိုးစားကြည့်မယ်” “သိပ်မသေချာဘူး”
“အချိန်အနည်းငယ်ပေးပါ” “ဆုံးဖြတ်ပြီးမှ အကြောင်းပြန်လိုက်မယ်” လို့ ပြောင်းသုံးကြည့်ပါ။
ဟိုတစ ဒီတစ ကြိုက်နှစ်သက်သည်များကို ကောက်စု ဘာသာပြန် ခံစားသည်။
ရေးသားသူ....... နိုင်းနိုင်းစနေ
ကျွန်မ ဖတ်ဖို့
.
(၁) “ငါ မဆိုးဘူး” လို့ ကိုယ့်ကို တနေ့တခါ ပြောပေးပါ။
(၂) ဒေါသထွက်တယ် ဆိုတာ တခြားလူရဲ့ အမှားကို ယူပြီး ကိုယ့်ကို အပြစ်ပေးနေတာပဲ။
(၃) ဘ၀မှာ သူငယ်ချင်းဆိုတာ မရှိရင် ဘ၀မှာ နေရောင်ခြည်ဆိုတာ မရှိဘူး။
(၄) မနက်ဖြန်အတွက် မျှော်လင့်ချက်ဟာ ဒီနေ့ရဲ့ နာကျင် ၀မ်းနည်းမှုကို မေ့စေတယ်။
(၅) အိပ်မက်၊ စိတ်ကူးနဲ့ အတွေးတွေ မရှိတဲ့ ဘ၀ဟာ အကိုင်း၊ အခက်၊ အရွက်မရှိတဲ့ သစ်ခြောက်ပင်နဲ့ တူတယ်။
(၆) နေကပဲ အလင်းဖြာနိုင်တာ မဟုတ်ပါဘူး။ ငါတို့လဲ အလင်း ဖြာနိုင်ပါတယ်။
(၇) ချစ်ခြင်းမေတ္တာနဲ့ တကမ္ဘာလုံးကို ပိုင်ဆိုင် စေနိုင်သလို အမုန်းရန်ငြိုးနဲ့တကမ္ဘာလုံးကို ဆုံးရှုံးစေနိုင်တယ်။
(၈) လူ့တန်ဖိုး ဆိုတာ ဖြားယောင်း မြူဆွယ်ခံရတဲ့ တခဏမှာ အဆုံးအဖြတ်ပေးလိမ့်မယ်။
(၉) ကြင်နာမှု မရှိတဲ့ စကားလုံးတိုင်းဟာ အရသာ ကင်းမဲ့လှတယ်။
(၁၀) တခါခါ အချစ်ရဲ့ အင်အားဟာ အရာရာကို မေ့စေနိုင်အောင် ကြီးမားတယ်။ တခါခါ မနာလို ၀န်တိုမှုဆိုတဲ့
သဲလေး တပွင့်တောင် ၀င်မဆန့်နိုင်အောင် သေးငယ်တယ်။
(၁၁) ဘယ်အချိန်မှာ စတင်ခဲ့တာပဲ ဖြစ်ဖြစ် အရေးကြီးတာက စတင်ပြီးနောက် မရပ်နားဖို့ပါပဲ။
ဘယ်အချိန်မှာ အဆုံးသတ်တာပဲဖြစ်ဖြစ် အရေးကြီးတာက အဆုံးသတ်ပြီးနောက် နောင်တ မရဖို့ပါပဲ။
(၁၂) ပျင်းရိခြင်းသည် လူရဲ့ အသိဥာဏ်ကို သံချေး တက်စေပါတယ်။
(၁၃) ပျော်ရွှင်ခြင်း ဆိုတာကို မျှဝေတတ်ရမယ်။ ဒါမှ ပျော်ရွှင်ခြင်းတွေ ဆင့်ပွားလိမ့်မယ်။
(၁၄) လိမ်လည်မှုတွေထဲမှာ ကိုယ့်ကိုယ်ကို လိမ်တာဟာ အဆိုးဆုံးပဲ။
(၁၅) လူတွေဟာ လက်ရှိပိုင်ဆိုင်တဲ့ အရာကို မေ့ပြီး မရသေးတဲ့ အရာကိုမှ ပိုတန်ဖိုး ထားတတ်တယ်။
ဦးနှောက် သံချေးမတက်အောင် ဟိုတစ ဒီတစ ဖတ်ဖူးတာတွေကို ဘာသာပြန် စုစည်းထားတာပါ။ ကျွန်မနဲ့ အတူ
ဖတ်ချင်တယ်ဆိုရင် ထပ်တင်ပါ့မယ်။
ရေးသားသူ....... နိုင်းနိုင်းစနေ


ဘ၀မှာ ဘာအရေးကြီးဆုံးလဲ လို့ လူတိုင်း မေးခွန်းထုတ် ဝေဖန် ငြင်းခုံ တွေးခေါ် လုပ်ခဲ့ကြတာ လူယဉ်ကျေးမှု ထွန်းကားကတည်းကလို့ ထင်တာပဲဗျာ.. အင်း လူပီသ လာတယ်လို့ ပြောလို့ရတယ်ပေါ့ဗျာ..
ကျွန်တော်လဲ တတ်နိုင်သလောက် တွေးကြည့်ဖူးတယ် ဗျ...ဒါပေမယ့် အပေါ် က မနိုင်းနိုင်းစနေ ပြောတဲ့ အတိုင်း ပဲ ရလာတယ် ဗျ..
ဒါပေမယ့် ဗျာ ကျွန်တော် က မှတ်ဥာဏ်ကမကောင်း မှတ်၇တာ များ တော့ မကြိုက်ချင်ဘူးဗျ.. အဲဒါနဲ့ပဲ ကျွန်တော်လဲ ကိုယ်ပိုင် ဒသန လေး ဖန်တီးလိုက်တယ်ဗျာ...

လုပ်ချင်တာ လုပ် ကောင်း၏ လို့ .. အဲ သူငယ်ချင်းတွေက ၀ိုင်း ဟားကော်ဗျာ..
မင်း ဟာ က ဘာလဲ ဟ လူမိုက် စကားကြီးပဲ ကွ တဲ့ .. ကျွန်တော် လဲ သေချာပြန်စဉ်းစားကြည့်မိတယ် ဗျ..
ခင်ဗျား တို့လဲ နည်းနည်း လောက်ပေါ့ဗျာ.. လူသမိုင်း ကြည့်လိုက်ဗျာ ဟစ်တလာ မကောင်းဘူးဗျာ.. လူတိုင်း လက်ခံတယ် ဒါပေမယ့် ပေါ့ဗျာ ကဲ သူကို ကမ္ဘာပေါ် က လူတိုင်း သိနေတယ် ပြီးတော့ သူကိုမှီပြီး ပေါ်ပေါတ်လာတဲ့ အကျိုးတွေ ရှိတယ် ဗျာ..
ဥပမာ ဂျူးနိုင်ငံ ပေါ်ပေါတ်လာတယ် ... (အစ္စရေး ) ပြီးတော့ အများ ကြီးပဲ ..
သူ သာ ခေါင်း ဆောင် မဖြစ်ခဲ့ ဘူးဆိုရင် အစ္စရေးနိုင်ငံ လဲ ဒီလောက်မြန်မြန် ပေါ် ပေါတ်လာပ မလား ဗျ..
ပြီးတော့ နိုင်ငံပေါင်းချုပ် အသင်းကြီး ...
ကဲ ခုချိန်ကျတော့ သူ က အစ္စရေးနိုင်ငံ ပေါ် ပေါတ်ဖို့ အတွက် အဓိက တွန်းအားပေးသူ ကြီး ဖြစ်မနေဘူးလား ..
သူကို လုံးဝမကောင်းဘူး ပြောလို့ ဖြစ်ပမလားဗျ.. ဆဒမ်ဟူစိန်..
ပြီးတော့ မိုဟာမတ် ကြည့် သူသာ အဲဒီ ဘာသာ ကို မတည်ထောင်ခဲ့ရင် အဲဒီနိုင်ငံတွေ ဘယ်လောက်ဆိုးဆွမ်းနေမလဲ .. ခု သူဒီဘာသာ ထောင်လိုက်တော့ တော်တော် အဆင်ပြေသွားတယ်လို့ ပြောလို့ ရတယ်ဗျ... ဒါပေမယ့် သူသက်ခဲ့တဲ့ လူ သူတိုက်ခဲ့တဲ့ စစ်တွေ ကို ပြန်ကြည့်ရင်လဲ သူ က အလွန်ကောင်းတယ် လို့ ပြောလို့ ရပါအုန်း မလားဗျာ.. .. ကဲ ဘာယုံ ရအုန်းမလဲ ဗျာ..

နောက်ပိတ်ဆုံး တစ်ခု ပဲ သွားတွေ တယ် အပေါ် က ပြောတဲ့ ဟာပဲ
လုပ်ချင်တာ လုပ် ကောင်း၏ ဒါပေမယ့် ကိုယ်လုပ်နေတာ ကို ကို အမှန်တစ်ကယ် ပိုင်ပိုင်နိုင်နိုင် သိနေရမယ်...အဲဒါ ဆိုရင် ပြီးပြီ ဘ၀မှာ နေရတာ.. အဆင်ပြေသွားပါလိမ့်မယ်လို့ ထင်ပါတယ် ခင်ဗျာ..

လေးစားစွာဖြင့်
အလင်းရောင်
မနိုင်းနိုင်းစနေ ကို ခွင့်တောင်း ပါသည်။ အပေါ် က ကူးယူဖော်ပြထားချက်များသည် မနိုင်းနိုင်း စနေဆီမှာ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။


Monday, May 26, 2008

ကူးယူဖော်ပြမိတဲ့ ဟာလေးတွေ

ရေမြင်းရှင် (ဟုတ်ဖူး..မှားလို့) ရေမြေ့ရှင် သခင်ထိပ်ခေါင် နိုင်ငံကျော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကား မရောက်တာကြာပြီဖြစ်သော မုန်တိုင်း ဒဏ်ခံ ရန်ကုန်မြို့သို့ ရောက်လာခဲ့၏။ သူမသွား၍မဖြစ်တော့။ မနေ့တစ်နေ့ကပင် နောင်တော် ဟူဂျင်တောင် Hu Jintao က သူ့အား ဖုန်း အပူလိုင်းမှ ကမန်းကတန်း မှာသည်။

“ ညီလေးတန်းချွေ .. ၊ လုနီနိုင်လှရှေလားကွယ်။ အပါးကတီမီနပ်ဘူးဘဲ..၊ ၀ကို လူတွေကပြောကုန်ကြဘီ။ တီကမ္ဘာလုံး ၀ကိုပဲ ပြောကုန်ပြီ။ လုလို့ တိုင်းပြည်မှာ နာဂစ်ဝင်လို့ မီကြာသေး၊ ၀လို့လဲ မြေမျိုဘီ။ လုလို့ဂျောင့် ၀တို့လဲ ပြာကုန်ကြဘီ။ ၀.. ကတော့ ကိုယ့်လူမျိုးကိုယ် အားပေးစေချင်လယ်။ ၀ .. လုကိုအီကြံပေးမယ် တန်းချွေ။ လု .. ရန်ကုန်ဖြစ်ဖြစ် အီမြန်ဆုံးတွားဘာ။ ဒီတစ်ခါ ၀ .. အီကြံပေးသလို လုမီ လုပ်ရင် အီခြေအီနေ တယ်မီကောင်းဝူး ဖြစ်မှာဘဲ … ”

သူလားလားမှ မသွားချင်။ သို့သော် မနေသာတော့။ အမှန်က ကမ္ဘာမကလို့ စင်္ကြာဝဠာတိုက်တစ်သောင်းမှ ၀ိုင်းပြောစေဦး။ ရွှေစိတ်တော်ထဲ နဲနဲမျှမထား။ ယခုကားနောင်တော် Hu Jintao ထံမှအမှာစကား။ သူတလျှောက်လုံး အားကိုးတကြီးမှီခိုပေါင်းသင်းခဲ့ရသည့် မိတ်ဆွေကြီး၏ သတိပေးချက်။ သူချီတုံချတုံနှင့် ဘာလုပ်ရမှန်းမသိဖြစ်နေခဲ့သည်ကပင် ရက်သတ္တပတ်တစ်ပတ်ရှိပြီ။ သူ့စိတ်ကား ခိုးလိုးခုလု ရှိနေတော့၏။ သွားရမည်လား၊ မသွားရမည်လား။ အကြောင်းကား တလောတုန်းက နာဂစ်မုန်တိုင်း မလာခင်လေးမှာ သူအင်မတန်မှ အား ထားယုံကြည်ရသည့် ဘိုးတော် ကြပ်ထိပ်ပြောင်ကလည်း သတိပေးထားခဲ့သည်ကို မှတ်မှတ်ရရရှိနေခြင်းပင်။

“ ဒီမှာ ဗိုလ်ချုပ်မှူးကြီး .. ဒီတစ်နှစ်လုံးဟာ ဗိုလ်ချုပ်မှူးကြီးအတွက် အင်မတန်မှ အရေးကြီးတယ်နော်၊ အမြဲစားသတိ၊ သွားသတိ၊ ပြော သတိ၊ အီးပါတောင် သတိကောင်းကောင်း ထားရလိမ့်မယ်။ မြင်ထားတာတွေရှိတယ်။ ဗိုလ်ချုပ်မှူးကြီးတို့ အရင်ကိုးကွယ်တဲ့ အောင်ထွဋ် ခေါင်တို့လို ကျုပ်ကပေါက် ပန်းလေးဆယ် ဆိုတာ၊ ပြောတာမဟုတ်ဘူး။ သာမ၊ ယဇု၊ ဣရု ဆိုတဲ့ သုံးပုံကျမ်းအပြင်မှာ အာတပ္ပနဗေဒင် ကျမ်းကြီးနဲ့ သေချာညှိပြီး တွက်ပြီးမှ ပြောတာ။ အထက်၊ အလယ်၊ အောက်ဆရာတွေဆီက ပေးတာတွေရော ကျုပ်အာရုံရတာတွေရောပဲ။ ကျုပ်သတိပေးခဲ့တာတွေဟာ ဘယ်တော့မှ မမှားဘူးနော် .. ”

သူသေသေချာချာကို အမှတ်ရနေသေးသည်။ နိုင်ငံအုပ်ချုပ်ရာမှာ ပုရောဟိတ်အခါပေးများ၏ အခန်းကဏ္ဍမှာ အလွန်အရေးကြီးသည်မ ဟုတ်လား..။ သူမပြောနဲ့၊ သူ့အဖေကြီး ဗိုလ်ချုပ်နေ၀င်းလဲ သေခါမှရေမြော၊ မသေခင်တော့ ဤလိုပင် အနှစ်သုံးဆယ်ခန့် နေနိုင်ခဲ့ပါ၏။ ဘိုးတော်က ဤနေ့ဤအချိန် နန်းတော်ပြောင်းစေ၊ မပြောင်းလျှင်ဘေးတွေ့အံ့၊ ပြောင်းသော် နန်းသက်ရှည်လတ္တံ့မိန့်သဖြင့် ကမန်းကတန်း ဖုတ်ဖက်ခါထ၍ ပြောင်းခဲ့ရ၏။ ထိုတုန်းကလည်း ၀ိုင်းပြောတာခံခဲ့ရသေးသည်။ သို့သော် ဘိုးတော်က စိုးရိမ်စရာမလို၊ သူ့ဘာသာသူ ပြီးဆုံးသွားပါလိမ့်မည်ဟု အာမဘန္တေခံခဲ့သည်။ ပြီးဆုံးသည်ဆိုသည့်စကားကတော့ ဘာမှန်းမသိ။ သေချာနားမလည်။ ပြီးတော့သူကိုယ် တိုင်လည်းတော်တော်သဘောမတွေ့။ ဘာပဲဖြစ်ဖြစ် သူကိုးကွယ်ဆည်းကပ်ခဲ့သည့် တစ်ချိန်လုံး အမှားအယွင်းနဲပါးခဲ့သည် ဆိုရမည်သာ။

ဘိုးတော် ကြပ်ထိပ်ပြောင်ကား အင်မတန်မှ စေ့စပ်သေချာ၍ အမြော်အမြင်ရှိသူတည်း။ သူညွှန်ပြသည့်အတိုင်း လိုက်နာခဲ့၍ ယခု သူတစ် ခါမှ မကြားဖူး၊ နားလဲ မလည်၊ မလေးရှားက၀န်ကြီး နာဂျစ်လားဟု မေးယူရသည့် နာဂစ် ဆိုသည့် ဘေးကြီးတစ်ခုမှ လွတ်ခဲ့လေပြီ။ ခံရ မည့်သူများကား ခံပေတော့။ သူ့လောက်မှ ဘုန်းကံမရှိပဲကိုး။ သူ့လို ဘိုးတော် အမှန်အကန်တွေကို မကိုးကွယ်ကြတာကိုး။ တလောတုန်းက ထိုင်းဝန်ကြီးချုပ် ကြပ်ပြေးက သူ့နန်းတော်အလည်လာတော့ ဘုရားခန်း ဘယ်နားမှာ မေ့နေ၍ သူ့ ကိုယ်ရံတော်အား မေးရသေးသည်။ တရားထိုင်နည်းလေးတွေ ထိုင်းကြီးက သိချင်သည်ဆို၍လည်း သူပြလိုက်ရသေးသည်။ ဓါတ်ပုံလည်း အမှတ်တရ ရိုက်ခဲ့ကြသေးသည်။ မဆိုးလှ။ ထိုင်းကောင်ပြန်သွားတော့ သူ့သတင်းကား ချက်ချင်းမွှေးပျံ့ သွားသည်။ အဲဒီထိုင်းကောင်ရှေ့ တစ်ရက်ခန့် ညစာမစားပဲ နေခဲ့တာ ကာမိသည်ဟု ဆိုရမည်။

ယခုရက်ပိုင်းတော့ ရွှေစိတ်တော်ကား အင်မတန်ညှိုးနွမ်းနေချေသည်။ ဘိုးတော်ကြပ်ထိပ်ပြောင် ပြောထားသည်များကလဲ မှန်လှ၏။ တောင်အရပ်ကား မိမိနှင့်မသင့်၊ မိမိအတွက် ဓါတ်နံအင်မတန်ယုတ်ညံ့သည်ဆို၏။ ရေနှင့်မတည့်ဆိုလား။ သူ့ပညာပိုင်းဆိုင်ရာ စကားများ အား မိမိလဲ သေချာတော့ နားမလည်။ မှန်နိုင်ပါသည်။ မိမိဇာတိ ကျောက်ဆည်မှာတုန်းက ပင်လယ်ဆိုတာ ဂျိုနဲ့လား မေးရမည့်အရာ။ ရေကြောက်၏။ ယခုထီးနန်း စိုးစံရမှသာ ချောင်းသာတို့ ငွေဆောင်တို့မှာ မိမိကြိုက်သည့်အချိန် ရေကစားထွက်တော် မူနိုင်သည် မဟုတ် လား။ ဘိုးတော်ပြောသလိုဆို မိမိမှာ အင်မတန်မှ အန္တရာယ်ရှိနိုင်သည်။ တစ်ဘက်ကလည်း နောင်တော် Hu Jintao ။ မသွားလျှင် လက်ငင်းအကျိုးပေးကား မလှဖြစ်ဖို့ များ၏။ ပင်လယ်မှာ ဟိုကောင်အမေလိကန်တို့ ရောက်နေသည်ဆိုပါလား။ အရေးထဲမှာ ဘန်ကီမွန်း ကလဲ ဖုန်းတဂွမ်ဂွမ်ဆက်သည်ဆို၏။ မိမိရန်ကုန်ရှိတုန်းက အရင် နိုင်ငံခြားရေးဝန်ကြီးဝင်းအောင် အင်္ဂလိပ်စာသွားသွားသင်သည့် လှည်း တန်းဈေးနားကဆရာဆီမှာ မသင်မိခဲ့သည်ကို နောင်တရချင်သလိုလို။ နို့မို့ရင် ဟိုကောင် ဥာဏ်ဝင်းထက်တော့ အပြတ်သာမည်။ ဘန်ကီ မွန်းကိုလဲ ဖုန်းထဲကနေ ဘွတ်ဘဲ့ ဒွတ်ဒဲ့ သာသာလေး လုပ်နိုင်မည်။ မိဘုရားကြီးကြိုင်သေဘီကတော့ ဒီလိုနေရာမျိုးသုံးမရ၊ နိုင်ငံခြားကို တစ်ခါခေါ်သွားမိသည်။ “ Kyaing Kyaing is my name ” လုပ်နေလို့ မနဲ ဆွဲထားရ၏။

ဆိုးဝါးလွန်းသည့် အချက်ကား အပြင်မီဒီယာက ပြောတာတွေ။ မှန်နေတော့လဲ မိမိမှာဖုံးရဖာရလွန်းသည့်အတွက် ဖာသယ်ကြီးကိုဖြစ်လို့။ ရုရှား လွှတ်ထားသည့် ကောင်လေးအချို့ကလဲ တစ်နေ့ထက်တစ်နေ့ ပိုပိုသုံးစားမရတော့။ အေးရာအေးကြောင်း နေသူကနေကြ၏။ ထား တော့။ သူတို့ကား မိမိဘာမှ မပြောလိုပြီ။ မိမိမျက်နှာ ကြည့်ပြီး.. ကြိုးစားအာချောင်နေကြသည့် ကောင်တွေကလဲ လွဲပဲလွဲနိုင်လွန်းသည်။ မိမိပိုင် ကြေးမုံတို့၊ မြန်မာ့အလင်းတို့ကနေ ကူးရေးနေတာလွဲ၊ ကိုယ်ပိုင်အကြံလေးများလဲ မထုတ်တတ်ကြ။ ရဲဘော်တို့ အသင့် .. လို့ပြော ရင် “ yahoo လား၊ Gtalk လား၊ ” လို့ပြန်မေးမဲ့ အကောင်တွေချည်း။ သူတို့စိတ်မထင် “မကျေနပ်ရင် Gtalk မှာ add လိုက်လေ၊ ငါ့မေးလ် က xxxx..။” ဟု လုပ်တတ်၏။ ဒါကြောင့်လဲ မိမိမှာအိုကြီးအိုမနဲ့ဒီနေရာက မစွန့်ခွါနိုင်သေး။ ငယ်တုန်းကလိုမသန်တော့။ ဥာဏ်နီဥာဏ်နက်ကလဲ ကုန်လုပြီ။ မျက်နှာနာစရာလေးတွေ လိုက်လိုက်ထောက်ရင်း၊ မိမိဟ၀ှာကိုပါ လာလာထောက်သည့် ထိုင်းတို့၊ စင်္ကာပူတို့၊ မလေးရှားတို့ကလဲ တမှောင့်။ ခုတော့မဖြစ်တော့။ ဘိုးတော် ဘယ်လောက်တားတား၊ လက်ငင်းက မသွား မဖြစ်တော့။

ကြိုင်သေဘီကတော့ တခါတလေ ဒါမျိုး အားကိုးရသည်။ ဘာလဲဆိုတော့ သူကဗြိတိန်မှလာသော စတော်ဘယ်ရီယိုနှင့် ပြင်သစ်ပေါင်မုန့် တို့တို့ပြီးစားရလျှင် အင်မတန်သဘောခွေ့၏၊ ကြာအင်းဆိပ်ကြီးမှာတုန်းက တော်တော်ငတ်ခဲ့တာကိုး။ ဟိုမှာက တပ်ရင်းဂိတ်ကြီးက ထွက် တာနဲ့ ရှေ့တန်းဆိုတော့ ရန်ကုန်က ကွန်ဗွိုင်နဲ့ပို့တဲ့ ပဲရည်ကြည်လေးပဲလွေးရ၏။ ခုအမြင့်စံဘ၀မှာတော့ ပဲဆိုလျှင် ဆိတ်အော်သံလားဟု ပြန်မေးတတ်လေပြီ။ သူ့အကြိုက် စတော်ဘယ်ရီယိုနှင့် ပြင်သစ်ပေါင်မုန် တို့တို့ပြီးစား။ ပြီးလျှင်တရေးတမောအိပ်ခါ၊ တသီတတန်းကြီး မက်တတ်သော သူ့အိပ်မက်များကို အတိတ်ကောက်ရင် မှန်သည်ကများ၏။ အခုလို အရေးကြီးသည့်အချိန်၊ တိုင်းရေးပြည်ရာ၊ စားပွဲအရေး ကုလားထိုင်အရာများတွင် မိကြိုင်သေဘီကိုပဲ သေချာပြန်မေးရမည်။ ပြည်ပအားကိုး စတော်ဘယ်ရီသူခိုး၊ (မှား .. ပြန်ဘီ) ဗြိတိန်စ တော်ဘယ်ရီယို အိပ်မက်လေးကို မိမိသေသေချာချာ အတိတ်နိမိတ်ကောက်ယူ ဆုံးဖြတ်တော်မူမှ နောင်ရေး စိတ်အေးရတော့မည်ဖြစ်၏။

(၂)

အတွေးများကိုရပ်ပစ်ပြီး၊ ရေမြေ့ရှင် သခင်ထိပ်ခေါင် နိုင်ငံကျော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကြည့်ရှုပါသည်။ သူများတွေပြောနေသလိုလဲ မဆိုးပါဘူး။ ဒီသစ်ပင်ကြီးတွေ လဲတာများ တစ်ချက်ခုတ်နှစ်ချက်ပြတ် လမ်းလဲချဲ့လို့ရတယ်။ နောက်တစ်ခုက ၀ါယာလက်က တပ်ကိုခွဲစိတ်ဖြတ်တောက်ခိုင်းလိုက်၊ ပြီးရင် ခွဲသားတွေကို ဝေပေးလိုက်၊ တပ်ရင်းထင်းစာတောင်ရသေး။ ငါမြင်ရသလောက် လေဘေးဒုက္ခသည်တွေ အားလုံးအဆင်ပြေသားပဲ။ မယုံရင် ရော့ .. အင့် .. ဒီမှာ ဖတ် ..

(၃)

အပြန်ခရီးကား သူအင်မတန် ပင်ပန်းလှ၏။ တစ်ခုတော်သေးသည်က ရန်ကုန်ကသူ့ကောင်တွေ အလိုက်သိလွန်းလှသည်ပင်။ တပည့်ကြီး တွေ တော်ချက်က လက်ကုန်ပဲဟု ဆိုရမလောက်။ ရောက်ရာအရပ်မှာ အဆင်မပြေမှုဆိုတာ သိပ်မတွေ့ခဲ့ရ။ ရဟတ်ယာဉ်ပေါ်မှ ကြည့်မိ သလောက် မြင်သမျှ အားလုံးဝါ၀ါတွေ။ သူအတိတ်နိမိတ်ကောက်လိုက်သေးသည်။ ရွှေဝါရောင်နိမိတ်ပေပဲ မဟုတ်လား။ ယခင်စိမ်းစိုနေ သော ဧရာဝတီတစ်ခွင်သည် ယခုလို ၀ါဝါကြီးသန်းနေသောအခါ၊ ရွှေဝါရောင်နမိတ်လို့ မကောက်ရင် ဘယ်ဟာကိုများ ကောက်ရပါ့။ ထား ချေတော့။ ဤကိစ္စကိုပြန်မှ ဘိုးတော်လျှောက်တင်ပြီး၊ လမ်းညွှန်ချက်တောင်းခံရမည်။ သူဟောခဲ့သည့်ဒီခရီးလမ်းအတွက် သူကိုယ်တိုင် ပေးသည့် ယတျာကို ရွှေနန်းတော်ကြီးတွင် မိဘုရားကြီးကား မုချ လိုက်နာဆောင်ရွက်မည်ပင်။ သူသာပဲဘယ်လို လုပ်ရမည်သိသည်ကိုး။ တွေးရင်းပင် သတိရလာ၏။ မိမိ..ဒီခရီးမသွားမဖြစ် မသွားခင်က မိဘုရားကြီးက ရွှေစိတ်တော် အေးအေးသာထားပြီးသွားဖို့မှာလိုက်၏။ သူစိတ်တော့ ချပါသည်။ တစ်သက်လုံး ပေါင်းသင်းလာခဲ့တဲ့ တပ်ရင်းကံစမ်းမဲလေး မဟုတ်လား။ တွင်းသစ် တူးရတာထက်စာရင် တွင်း ဟောင်းက သူ့အတွက်အဆင်သင့်ဟု လက်ခံယုံကြည်လာခဲ့သည်လေ။ “ တွင်းဟောင်းရေကြည် အေးမြသည်”.. တဲ့။

သူကံကောင်းလွန်းလို့သာပေါ့။ ဘာပဲပြောပြော နေပြည်တော်သို့ရောက်တော့မည်။ ရှေ့မှာ သာဝတ္ထိကားလမ်းခွဲ၊ ကျော်ရင် အေလာ (ခေါ်) နေပြည်တော်လေဆိပ်။ သူ စိတ်တွေ ငြိမ်သက်အေးဆေးသွားတော့သည်။

(၄)

ရွှေနန်းတော်ကြီးကား အေးစိမ့်လှပေသည်။ မနာလိုသူတွေ ပြောပြောနေသလို ကြပ်ပြေးကား ပူလောင်ခြောက်သွေ့လှသည် ဆိုသည့်စ ကားကို သူတစ်ချက်တွေးမိရင်း ပြက်ရယ်ပြုမိသေး၏။ မအေးခံနိုင်လား။ လောကဓါတ်ပညာကို သူတစ်ခါတလေ အံ့သြဘနန်းဖြစ်မိသည်။ အအေးပုံးသေတ္တာများကို မိမိနန်းတော်အတွင်း ချိတ်ဆွဲထားလိုက်သည်မှာ ရွာအိမ်က စာကလေးအိမ်နဲ့ မခြား။ အကောင်းဆုံးရိုးမကျွန်း သားဖြင့် ပြုလုပ်ထားသော မဟော်ဂနီရောင် ပြောင်လက်နေသည့် ရွှေအနားကွပ် သလွန်တော်ပေါ် ရွှေဖင်ချထိုင်လိုက်တော့ မိဘုရားကြီး က စင်္ကာပူကျွန်းက တကူးတကမှာထားသည့် သောက်ရေတော်အေးအေးတစ်ခွက်ကို ဆက်၏။ သူတစ်ချက်မျှမော့ကြည့်လိုက်ရာ မိဘုရားကြီး၏ မျက်နှာတော်မှာ တစ်ခုခုကို ဝေခွဲမရဟန်ပေါ်နေသည်။ မိဘုရားကြီးအား ကြည့်နေရင်း သောက်တော်ရေ တကျိုက်မျှငုံလိုက်ပြီး မိမိ သိလိုလှသည့် စတော်ဘယ်ရီအိပ်မက် အကြောင်းကို မဆိုင်းမတွပင်မေးတော်မူတော့၏။

“ ကဲ .. လျှောက်စမ်းပါဦး မယ်ကြိုင်..၊ မနေ့ကအိပ်မက် ဘယ်နှယ့်ရှိပါလိမ့်၊ မောင်ဘုရား ကြားလိုလှပြီကွယ်။ ..”

မယ်ကြိုင်မှာလဲ မည်သည့်အချိန်ကတည်းက လျှောက်လိုလှသည်မသိ။ ချက်ချင်းပင်..

“ မှန်ပါ။ ကျွန်တော်မျိုးမ အိပ်မက်ကား ထူးဆန်းပါသည်။ Star Movie ချယ်နယ်ကလာသည့် ဓါတ်ရှင်ကား ကြည့်ရသည့်နှယ်၊ ရှေးခေတ်ကို ပြန်ရောက်သွားပါသည်။ သည်တစ်ကြိမ်မက်သည့်အိပ်မက်ကို ကျွန်တော်မျိုးမလဲ အတိတ်မကောက်တတ်ပါ ထီးဘုရား..။ (နန်းတော်ထဲ ဒီလိုပဲ ပြောကြ၏။ မယုံ ကြပ်ပြေးမှာ သွားကြည့်) ..”

“ ကွယ် .. လျှောက်မှာသာလျှောက်စမ်း၊ ငါကိုယ်တော်ကြားလိုလှပြီကွယ့် .. ”

“ မှန်ပါ။ ကျွန်တော်မျိုးမမက်သည်မှာ၊ သီပေါဘုရင် နှင့်စုဘုရားလတ်တို့ဖြစ်ပါသည် .. ”

“ အို .. ထူးပါပေ့၊ ဒါဟာနိမိတ်ကောင်းပါပဲ ..ဆက်လျှောက်ပါ မယ်ကြိုင် .. ”

“ မှန်ပါ။ ကျွန်တော်မျိုးမ အတိအကျမှတ်မိတဲ့ အကြောင်းက သီပေါမင်းတို့ မောင်နှံဟာ၊ အင်္ဂလိပ်လူမျိုးတို့ခေါ်ဆောင်သွားတဲ့ မီးသင်္ဘော ပေါ်ရောက်နေပါပြီ။ ဒီအရှေ့ကအကြောင်းတွေတော့ မမှတ်မိပါဘူး။ သူတို့ သင်္ဘောပေါ်မှာ ထိုင်နေတုန်း သီပေါမင်းကြီးက ဘေးနားက သူ့မိဘုရားကို တိုးတိုးလေး ကပ်ပြီးပြောပါတယ် ဘုရား .. ”

ရေမြေ့ရှင် သခင်ထိပ်ခေါင် နိုင်ငံကျော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမျက်နှာကား ၀င်းလက်သွား၏။

“ ဟေ .. ဟုတ်လား..၊ ငါဖတ်ဖူးသလောက်၊ သူ သူ့မိဘုရားကို အဲဒီတုန်းက ဘာမှ တိုးတိုးလေး မမိန့်ပါဘူးကွယ် ..၊ ဧကန္တ သီပေါကိုယ် တော်တပိုတပါးသွားချင်လို့နဲ့ တူတယ် ဟုတ်စ .. ”

ဗြိတိသျှစတော်ဘယ်ရီ အိပ်မက်ပိုင်ရှင်ကား ရေမြေ့ရှင် သခင်ထိပ်ခေါင် နိုင်ငံကျော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အတိတ်နမိတ် ကောက်ယူ တော်မူနိုင်ရန် ၀မ်းသာအားရ မဆိုင်းမတွပင် ဤသို့လျှောက်တင်လိုက်၏။

“ မဟုတ်ရပါဘုရား၊ သီပေါမင်းတိုးတိုးလေးမိန့်တာကို ကျွန်တော်မျိုးမ နားနဲ့ဆတ်ဆတ်ကြားလိုက်ရပါတယ်။ မင်းဟိုဘက်နဲနဲရွှေ့စမ်း…၊ ငါ ပြုတ်ကျတော့မယ် ရေထဲကို … တဲ့ .. ဘုရား .. ”

ဤတွင် ရေမြေ့ရှင် သခင်ထိပ်ခေါင် နိုင်ငံကျော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမျက်နှာကား ရှုံ့မဲ့သွားချေတော့သတည်း။



ကိုလျှာရှည်ထံမှ ကူးယူဖော်ပြမိပါတယ်.. အားလုံးလွယ်လွယ် ကူကူနဲ့ ကြည့်ရှုနိုင်အောင် ရည်ရွယ်ပါတယ်..
ဤစာလေးကို တစ်ဆင့်ဖြန့် ဖြူးပေးသော ငြိမ်းကို လဲ ကျေးဇူး အထူးတင်ရှိပါတယ်..

http://www.koshershay.blogspot.com/ သူရဲ့ ဘလောက်လိပ်စာပါ တစ်ကယ်လို့ လွယ်ကူတယ်ထင်၇င် သွားရောက် လည်ပတ်ကြပါအုန်းခင်ဗျာ..

လေးစားစွာဖြင့်
အလင်းရောင်

Saturday, May 24, 2008

မအကြပါနဲ့

သင်ဆီကို မသိတဲ့ လူက ဖုန်းခေါ်ရင် သတိထားပြီး လက်ခံပါ ... ခုတလော ထိုင်းနိုင်ငံဘက် ကနေ ခေါ်နေတဲ့ ဖုန်း နံ ပါတ်များမှာ လူတွေရဲ့ အာရုံကြော ကိုထိခိုက်စေနိုင်သော MHz တွေပါပါတယ်... အဆိုပါဖုန်းကို လက်ခံမိသူ 4 ယောက်လောက်မှာ နာရီဝက် အတွင်း အာရုံကြော ထိခိုက်ပြီး သေဆုံး ကုန်ကြသည်။ ဤ message ကို ရရခြင်း အခြား လူများ ကို ဝေမျှပေးပါ...
ဘလောက်ကာများကို တစ်ယောက်ပြီး တစ်ယောက်လိုက်ဖမ်းနေပါတယ်... သင်အသုံး ပြု သော နေရာကို မသိအောင် သတိနဲ့ ပြုလုပ်ပါရန်..
ပြည်ပ အားကိုး ပုဆိန်ရိုး ပါ..
သတိပေးချက် gmail hacker များ မှ ပေါင်း ပြီး gmail password များ ကို hack နေကြပါတယ် ထိုကြောင့် သင့် ရဲ့ password ကို လုံခြုံ စိတ်ချရအောင် အောက်က နေရာများမှာ လိုအပ်သည်များကို ဖြည့်ပေးပါရန်...
password:....

အင်တာနက်ပေါ်မှာ ဒါမျိုး သတင်းတွေက မကြခဏ ကြုံ့ရမှာပဲ လေ....
ဒီသတင်းမျိုးတွေ ကြုံ့လာ ရင် အတဲ့ လူက တော့ ခံသွားရမှာပဲ ...
တစ်ချို့ သတင်း တွေ က မှန်ပါတယ်.. တစ်ချို့ မှားနေနိုင်ပါတယ်.. အဲဒါကို ကိုယ် ဘယ်လို့ ဆုံးဖြတ်မလဲ ... ဒီနေရာမှာ ကျွန်တော် တို့ အသိပညာ (knowledge) တစ်ခုနည်းနဲ့ ဖြေရှင်းလို့ မရတော့ဘူး ဗျ..
ဥာဏ် ပညာ (wisdom) တွေ ပါထည့်သွင်းစဉ်းစားရတော့မယ်ဗျ..
အသိပညာ က သင်ယူမှု အတွေ့ အကြုံ့ တွေ ပေါ်မှာ မူတည်နေပြီးတော့ ...
ဥာဏ် ပညာ ကတော့ စဉ်းစားဆင်ခြင်သုံးသပ်နိုင်မှုပေါ်မှာ မူတည်နေပါတယ်...
ဥပမာ..ပထမသတင်း ကို သုံးသပ်မယ်ဆိုရင် အသံကြောင့် လူသေနိုင်မနိုင် ဆိုတဲ့ knowledge ၊ အဆိုပါ အသံ ကို ဖုန်းတွေ က ထောက်ပံ မထောက်ပံ ... နဲ့ အဆိုပါ အဖြစ်မျိုး ရှိခဲ့ မရှိခဲ့ ဆိုတဲ့ knowledge တွေ ရှိရပါမယ်...
ဒါမျိုး knowledge မရှိရင် လဲ google ရှိပါတယ် dead waves တို့ ဘာတို့ ရိုက်ထည့် ပြီး ဆက်လက် လေ့လာရင် ရနိုင်ပါတယ်... ဖြစ်နိုင်တယ်ထင်ရင် ယုံလိုက်တာပေါ့ ..(ကျွန်တော်ကတော့ ယုံစရာမလို့ ပါ အဘယ်ကြောင့် ဆိုသော် ဖုန်း မရှိဘူးဗျ
ကဲ အဒီမှာ ဒါမျိုးစဉ်းစားရပါလား လို့ သိတဲ့ ဥာဏ်ကို wisdom လို ခေါ်ပါတယ် ခင်ဗျာ အဲဒါ သာ မရှိဘူးဆိုရင် ...တော့ ....

အဲဒါ နှစ် ခု ဘာက အရေးကြီးဆုံးလဲ လို့ မေးလာရင် wisdom က အရေးကြီးဆုံးပဲ လို့ ထင်တယ် ဗျ ဘာဖြစ်လို့ လဲ ဆိုတော့ knowledge က သင်ယူလို့ ရနိုင်ပေမယ့် wisdom က ကိုယ်ကိုယ်တိုင် စိတ်ပါမှ ဖြစ်တဲ့အ ရာမျိုး လို့ ထင်ပါတယ်... ဒါပေမယ့် knowledge များလာတဲ့ လူဟာလဲ wisdom သဘော ကိုကောင်းကောင်းနားလည် လာတတ်ပါတယ် ...
ပြောရရင်တော့ဗျာ တာရဲ့ ပြောင်းပြန်ဟာ wisdom ပါ ... စဉ်းစားတွေ ခေါ် တာ (စာတတ်တာ လို့ ..ကျွန်တော်တော့ခေါ်တာပဲ ) ...
အဲဒါကြောင့် ကျွန်တော် ကတော့ ဆုတောင်းတယ် ... ကိုယ်ကို တိုင်လဲ မ ပါလို့ ၏ ...
ပြီးတော့ သော သူများ နဲ့ လဲ တသက်လုံး မပေါင်း ဖော်ရပါလို့ ၏

လေးစားစွာဖြင့်
အလင်းရောင်

မအကြပါနဲ့

သင်ဆီကို မသိတဲ့ လူက ဖုန်းခေါ်ရင် သတိထားပြီး လက်ခံပါ ... ခုတလော ထိုင်းနိုင်ငံဘက် ကနေ ခေါ်နေတဲ့ ဖုန်း နံ ပါတ်များမှာ လူတွေရဲ့ အာရုံကြော ကိုထိခိုက်စေနိုင်သော MHz တွေပါပါတယ်... အဆိုပါဖုန်းကို လက်ခံမိသူ 4 ယောက်လောက်မှာ နာရီဝက် အတွင်း အာရုံကြော ထိခိုက်ပြီး သေဆုံး ကုန်ကြသည်။ ဤ message ကို ရရခြင်း အခြား လူများ ကို ဝေမျှပေးပါ...
ဘလောက်ကာများကို တစ်ယောက်ပြီး တစ်ယောက်လိုက်ဖမ်းနေပါတယ်... သင်အသုံး ပြု သော နေရာကို မသိအောင် သတိနဲ့ ပြုလုပ်ပါရန်..
ပြည်ပ အားကိုး ပုဆိန်ရိုး ပါ..
သတိပေးချက် gmail hacker များ မှ ပေါင်း ပြီး gmail password များ ကို hack နေကြပါတယ် ထိုကြောင့် သင့် ရဲ့ password ကို လုံခြုံ စိတ်ချရအောင် အောက်က နေရာများမှာ လိုအပ်သည်များကို ဖြည့်ပေးပါရန်...
password:....

အင်တာနက်ပေါ်မှာ ဒါမျိုး သတင်းတွေက မကြခဏ ကြုံ့ရမှာပဲ လေ....
ဒီသတင်းမျိုးတွေ ကြုံ့လာ ရင် အတဲ့ လူက တော့ ခံသွားရမှာပဲ ...
တစ်ချို့ သတင်း တွေ က မှန်ပါတယ်.. တစ်ချို့ မှားနေနိုင်ပါတယ်.. အဲဒါကို ကိုယ် ဘယ်လို့ ဆုံးဖြတ်မလဲ ... ဒီနေရာမှာ ကျွန်တော် တို့ အသိပညာ (knowledge) တစ်ခုနည်းနဲ့ ဖြေရှင်းလို့ မရတော့ဘူး ဗျ..
ဥာဏ် ပညာ (wisdom) တွေ ပါထည့်သွင်းစဉ်းစားရတော့မယ်ဗျ..
အသိပညာ က သင်ယူမှု အတွေ့ အကြုံ့ တွေ ပေါ်မှာ မူတည်နေပြီးတော့ ...
ဥာဏ် ပညာ ကတော့ စဉ်းစားဆင်ခြင်သုံးသပ်နိုင်မှုပေါ်မှာ မူတည်နေပါတယ်...

အဲဒါ နှစ် ခု ဘာက အရေးကြီးဆုံးလဲ လို့ မေးလာရင် wisdom က အရေးကြီးဆုံးပဲ လို့ ထင်တယ် ဗျ ဘာဖြစ်လို့ လဲ ဆိုတော့ knowledge က သင်ယူလို့ ရနိုင်ပေမယ့် wisdom က ကိုယ်ကိုယ်တိုင် စိတ်ပါမှ ဖြစ်တဲ့အ ရာမျိုး လို့ ထင်ပါတယ်... ဒါပေမယ့် knowledge များလာတဲ့ လူဟာလဲ wisdom သဘော ကိုကောင်းကောင်းနားလည် လာတတ်ပါတယ် ...
ပြောရရင်တော့ဗျာ တာရဲ့ ပြောင်းပြန်ဟာ wisdom ပါ ... စဉ်းစားတွေ ခေါ် တာ (စာတတ်တာ ..ကျွန်တော်ခေါ်တာပါ ) ...
အဲဒါကြောင့် ကျွန်တော် ကတော့ ဆုတောင်းတယ် ... ကိုယ်ကို တိုင်လဲ မ ပါလို့ ၏ ...
ပြီးတော့ သော သူများ နဲ့ လဲ တသက်လုံး မပေါင်း ဖော်ရပါလို့ ၏

လေးစားစွာဖြင့်
အလင်းရောင်

Friday, May 23, 2008

master တွေနဲ့ ကျွန်တော်


ရေးသာ ရေးရမှာ ခပ်လန့် လန့် ပဲ ခုခေတ်က မာစတာ တွေက များမှ များ ... ဒါပေမယ့်ဗျာ...ရေးတာတော့ ရေးမှာပဲဗျာ...
ကိုယ်ရထားတဲ့ ဂုဏ်ကိုတော့ လူတိုင်းမာနထားသင့်တာပေါ့နော် ဥပမာ ကိုယ် ဆယ်တန်းအောင် ရင် မာန ဆယ်တန်း မအောင် သေးတဲ့ ကောင်လေး တွေကို နည်းနည်း ဆရာ လုပ်မယ် ပြီးတော့ စောင့်ကြွား စောင့်ကြွားလေး နေရမှာပေါ့ ဒါမှ ဗျ.. ကိုယ် အသည်း အသန် ကြိုးစားခဲ့တာ အတွက် ဂုဏ်ယူစရာ ရှိမှာ ပေါ့ဗျ.. နော် မဟုတ်ဘူးလား ..
ဒါပေမယ့်ဗျာ.. ကျွန်တော် သိသလောက် မာစတာ တွေကဗျာ. သူတို့ ကို သူတို့ သိပ် အထင်မကြီးသလို ပဲ ဗျ... ဟေရောင် မင်းတို့ က မာစတာ ကြီးလေကွ လို့ ပြောရင် မပြောပါနဲ့ သူငယ်ချင်း ရာ ငါရှတ်လို့ ပါတဲ့ ကဲ ခက်ရော် ဟေရောင် ဘာဖြစ်လို့ လဲ ကွ လို့ ပြောရင် ...မင်းတို့ က ပညာရှိဆိုတော့ ပညာရှိ စတိုင် နဲ့ ကိုယ် ကို နှိမ်ချ ကြတာပေါ့နော် လို့ ပြောရင် ...
မပြောပါနဲ့ သူငယ်ချင်း ရာ.. အတင်း မေးရင်လဲ ..မပြောချင်ဘူးတဲ့ ...
သူတို့ ကို ကြည့်ပြီး ဟို စကားပုံကို သွားသတိရတယ်ဗျ.. လွတ်ပစ်ရမှာ လဲ အဆီတ၀င်းဝင်း စားရမှာလဲ သဲ တစ်ရှတ်ရှတ် ဖြစ်နေကြတယ် ဗျ...
နည်းနည်း စဉ်းစားကြည့်ကြရင် ဒီအဖြစ်အပျက် ရဲ့ သရုပ်မှန်ကို တွေ့ကြပါလိမ့်မယ်...