Friday, November 7, 2008

ကဲ ဘယ်လို့ လဲ

ယောင်္ကျား တစ်ယောက် ရဲ့ ဘ၀ အစ က အိမ်ထောင် ပြုမှ သိတယ် လို့ပဲ ကျွန်တော်ပြောချင်တော့တယ်..
ဘာဖြစ်လို့ လဲ ဆိုတော့ ကျွန်တော် အနေနဲ့ ပြောရရင် ကျွန်တော် က လွတ်လပ် ပေါ့ပါးစွာနဲ့.. ဘယ်အရာကိုမှ အကြွင်းအကျန် ထားခဲ့တာ ၀ါသနာမပါဘူး လွယ်လွယ်ကူကူ ပြောရရင် လူပျို တွေရဲ့ ထုံးစံ အတိုင်း အရာရာ ကို ပေါ့ပေါ့တန်တန် တွေးမယ် လုပ်စရာ ရှိတာကို လုပ်သွားခဲ့ရင် ပိုက်ဆံ ငွေကြေး က နောက်က လိုက်လာလိမ့်မယ် ထင်ခဲ့တယ်..
ကဲ ခု စာရင်းရှင်းတော့ ..


ဒီစာရွက် လေးသာ ကြည့်လိုက်ပါတော့ .. 28000 တဲ့ အဲဒါ အကုန် မဟုတ်သေးဘူး ဗျ ..နောက်ထပ် စာရင်း ထပ် ရှင်းလိုက်တော့.. ဘယ်လောက် ကျန်လဲ သိလား 14000 ပဲ ကျန်တော့တယ် ..အဲဒါ ထပ် ပြီး အကြွေးဆပ်လိုက်တော့ ဘယ်လောက် ကျန်လဲ.. သိလား 11000 လောက်ပဲ ကျန်တော့တယ် ဗျ..

သိပ် ၀မ်းနည်းမနေနဲ့ ကျအုန်းဗျ.. သိလား .. ကျွန်တော် လခ ကို 3 လပိုင်းကတည်းက မရှင်းတာ ခု မင်္ဂလာ ဆောင်မယ် ဆိုမှ ရှင်းလိုက်တော့ ထွက်လာတဲ့ စာရင်း လေ..
လုပ်တဲ့ အလုပ်ကတော့ ဗျာ ကျွန်တော် ဆိုင်ကို လာတဲ့ လူတွေ ကျွန်တော် နဲ့ ရင်းနှီးတဲ့ လူတွေ တော်တော် များ များ သိပါတယ်.. ကိုလင်းထိုက် ဘယ်လို့ အလုပ်လုပ်တယ် ဆိုတာ အလုပ်ကိုအာရုံ စိုက်တယ် ကိုယ့် အလုပ်လို့ သဘောထားတယ်ဆိုတာ လေ..
ကဲ ဒီနေ့ ကနေ စတာ ပါပဲ စဉ်းစားကြည့်လိုက် .. ဘယ်သူမှားမယ် ထင်လဲ ..
ကျွန်တော် အသုံးအဖြုန်းကြီးတယ် ပြောမလား အင်း ပြောလို့ ရပါတယ်..
အလုပ်ရှင် က ညစ်တယ် ပြောမလား .. သိပ် ပြောလို့ မရဘူး သူဘက် က အလွတ်တွေ လုပ်ပြထားတယ် လေ..
ကဲ့ ကျွန်တော် ဘယ်ကို အပြစ်ပြောမလဲ ဆိုတာ .. ကြည့်ကြည်ပါအုန်း..

ပထမ အပြစ်ပြောချင်တာ က ကိုယ်ပိုင် အလုပ် ကို မလုပ်ခဲ့တဲ့ ကျွန်တော်..
1- ကိုယ်ပိုင် အလုပ်သာလျှင် ကိုယ်ရဲ့ ငွေကြေး အဆောက်အအုံကို အမှန်အကန် ထောက်မပေးသော ထောက်ဖြစ်သည်။

အကျိုး -..
ကျွန်တော် လက်တွဲဖော် ဖြစ်လာမဲ့.. ကောင်မလေး ကို အဲဒီ အကြောင်းပြောလိုက်တော့ သူက ဘာပြန်ပြောသလဲ ဆိုတော့ နင် ပြန်လာခဲ့တဲ့.. နင် ရောက်ဖို့သာ အဓိက တဲ့.. ဘာမှ စိတ်ဓာက်မကျနဲ့..
ကျေးဇူးတင်တယ် ချစ်သူ
ဒီလို့ မျိုး တလျှောက်လုံး လက်တွဲ သွားရမှာ ဘယ်လောက် ပျော်ဖို့ ကောင်းမှာလဲ ခင်ဗျားတို့ စဉ်းစားကြည့်ပါ...

ကျွန်တော် ဘ၀ မှတ်တိုက် တစ်ခု ..

လေးစားစွာဖြင့်
အလင်းရောင် (Linker+)

No comments: